မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
သြော်..ဧရာဝတီရဲ့ သတို့သမီးကိုတော့ ၀ိုင်းပြီး ခြေတော်တင်လိုက်ကြတဲ့အဖြစ်ကို ယခုတော့ အားလုံးက သိုင်းဝိုင်းပြီး၊ အားလုံးကပါ အ လိုတူပုံစံမျိုး ..၊ အခင်းကျင်း .......... ဟုတ်လား။
ပထမအကြိမ်တုံးကလည်း အဓမ္မကျင့်တာကို ခံခဲရတဲ့အဖြစ်ဆိုးကိုကြုံခဲ့ရတဲ့ ၁၉၆၂ မှစပြီး၊ ဒုတိယအကြိမ် အဓမ္မကျင့်ခံရပြန်ဆိုသော ၁၉၇၄ကို ဖြတ်သန်းရ။
တတိယအကြိမ် အဓမ္မကျင့်ခံရသောအခြေအနေကို ထပ်ပြီးတော့ ၁၉၉၀မှာ ကြုံရပြန်ဆိုတော့ဗျာ၊ ကျွန်တော်တို့က အဲလောက်တောင် အ နိုင်ကျင့်ခံရတာကို အခုကျတော့ ၀ိုင်းပြီး အဓမ္မကျင့်ခံရတာကိုဘဲ မေ့ပျောက်ပြီး၊ နောက်တစ်ကြိမ် “အကျင့်ထပ်ခံရအောင်” ဆိုသော ပုံစံ မျိုးကို ၀ိုင်းပြီးတော့ လုပ်ပေးရမှာ၊ ကုတင်ပေါ်ကို ကြိုးတုတ်ပြီးတင်ပေးရမဲ့ အကြောင်းထဲမှာတော့ ကျွန်တော်တို့မပါဘူး၊ ကျွန်တော် အဲ့ဒီ လောက်တော့ သဘောထားမကြီးနိုင်ဘူး၊ ကျွန်တော်တို့ သွေးသားတွေ အဆက်ဆက်ကိုလည်း “သဘောထားကြီးကြကွာလို့” မပြောနိုင်ဘူး။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်ထည် မဖေါ်မပေးမခြင်း၊ ဘာဆိုဘာမှမလိုချင်ဘူး၊ န.အ.ဖ ရဲ့ ဆန္ဒခံယူပွဲကို ဘက်ပေါင်းစုံက နောက်ဆုံးအခြေအနေအထိ ဆန့်ကျင်ကြ၊ ဆန္ဒခံယူပွဲကို သွားရမယ်ဆိုတဲ့ ရူးကြောင်ကြောင် အယူအဆတွေကို ဆန့်ကျင်ကြ၊ ၁၉၉၀ပြည့်ရွေးကောက်ပွဲကို န၀တအလိုကျ ပြောသောမည်သူ့ကိုမဆို ပြတ်ပြတ်သားသား ဆန်ကျင့်ကန့်ကွက်ကာ အပြီးအပိုင်စည်းခြားခြင်းကို ပြတ်ပြတ်သားသား လုပ်ဆောင်ရပေမည်၊၊
ဒီအကြောင်းကိုလုပ်သော သူတွေလည်းပြင်း ပြင်းထန်ထန်ပြောပါတယ်။ မင်းတို့ရှက်တတ်ရင် လဲသေသင့်တယ်။ သွေးတိုးစမ်းစကားကို သူတို့ကနေစပြီးတော့ပြောရဲတာ၊ ဒါဟာကြီးမားသော အမျိုးသားရေး၊ တိုင်းရင်းသားညီညွတ်ရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရကို အပြီး စစ်တန်းလျားပြန်ပို့ရေး၊ အရပ်သားအစိုးရကို ထာဝရပေါ်ထွန်းရေး လုပ်ဆောင်နေသော၊ လုပ်ဆောင်ဆဲဖြစ်သော သူအားလုံးနှင့် သန်း ၅၀သော ပြည်သူလူထုကြီးကို သစ္စာဖောက်ခြင်းဘဲ။
ကျိန်းသေပြီဆိုရင်တော့......................ပြောကြဆိုကြတာပေါ့၊ ဘိုမ ဂါဝန်အောက်က ကြောင်တောင်တောင် စကားတွေကို ရပ်ရင် ရပ်။ မရပ်ရင်တော့ နားတော့၊ ယောင်တောင်ပေါင်တောင်နဲ့ ပြည်တွင်းကော၊ ပြည်ပကော၊ ထို့အပြင် ပြည်ပက ဘိုမလင်တွေလင်တွေလဲ မင်း တို့နည်းနည်း ပါးစပ်တွေကို တစ်ခုခုဆို့ထား၊ ဒီနေ့တိုင်းပြည်ကို တကယ်ကောင်းတာမြင်ချင်ရင် စစ်တပ် စစ်တန်းလျားက ကာကွယ်ရေး လုပ်၊ အရပ်သားအစိုးရက တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်၊ ဒါပဲရှိတယ်။ ဒါကအမှန်ဆုံးဘဲ၊ အဖြစ်သင့်ဆုံးနဲ့ ပြည်သူတွေအားလုံးကော၊ ဒီဘက်က လူတွေအားလုံးကော လုပ်ကိုလုပ်ရမဲ့ အကြောင်းက အခုဆိုရင် မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
မွေးရာပါတာဝန်ဖြစ်ကိုဖြစ်နေပြီ။
SDD တင်ပြသည်။
Wednesday, 20 February 2008
Posted by
ရန်ကင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment